ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးရဲ့ နှစ် (၁၀၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဟာ လာရောက်လည်ပါတ်သူများ၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိတယ်လို့သိရပါတယ်။ ပဲခူးရွှေသာလျောင်းဘုရားပွဲကိုနိုဝင်ဘာလ ၂၅ ရက်နေ့ကနေစတင်ကျင်းပခဲ့တာဖြစ်ပြီး ယနေ့ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျင်းပမှာပဲဖြစ်ပါတယ်။ဘုရားပွဲကိုတော့ နေ့စဉ်လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားနေတယ်ဟုလည်းသိရပါတယ်။



