မြန်မာနိုင်ငံသားများ ကြိုက်နှစ်သက်သည့် ဆန်ချောအမျိုးအစားဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်က ဈေးအနည်းငယ်မြင့်တက်သော်လည်း အခြားပေါ်ဆန်းအမျိုးအစား ဆန်သစ်များက ဈေးကျလာသည်။ဒီဇင်ဘာလဆန်းတွင် အမျိုးအစားအလိုက် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၈၅,၀၀၀မှ ၁၉၅,၀၀၀ သို့ဈေးမြင့်သွားသည်။"ရွှေဘိုက ဆန်သစ်ပေါ်ဖို့လိုသေးတာရယ် သယ်ယူစရိတ်တွေများတာရယ်ကြောင့် ဈေးနည်းနည်းပြောင်းသွားတာပါ"ဟု ဆန်ကုန်သည်တစ်ဦးက ရှင်းပြသည်။ရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်းက တစ်အိတ်လျှင် ကျပ်၅,၀၀၀ဈေးမြင့်တက် သည်။ထို့အပြင် ရန်ကုန်ဈေးကွက်တွင် ရောင်းချနေသည့် ဧရာ၀တီပေါ်ဆန်း ဆန်ဟောင်းများက ဈေးငြိမ်နေပြီး ဆန်သစ်များက ဈေးအနည်းငယ်လျော့ကျလာသည်။ 
Dec 05 • 2:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 66 | 0 | 0 | 0 |


