တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို၏ဇနီး ဂင်မ်ဂွန်ဟီးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းအား ရှယ်ယာဈေးနှုန်းကြိုးကိုင်မှုနှင့် လာဘ်ပေးလာဘ်ယူမှု စသည့်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ အထူးရှေ့နေအဖွဲ့က "အရင်းအနှီးဈေးကွက်ဥပဒေ" ချိုးဖောက်ခြင်းအတွက် ထောင်ဒဏ် ၁၁ နှစ်နှင့် လာဘ်ပေးလာဘ်ယူမှုအတွက် ထောင်ဒဏ် ၄ နှစ် စုစုပေါင်း ၁၅ နှစ်၊ ဒဏ်ငွေ ဝမ် ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၇ သန်းခန့်) ချမှတ်ရန်နှင့် တရားမဝင်ရရှိထားသောငွေများကို ပြန်လည်သိမ်းယူရန် တောင်းဆိုခဲ့သည်။
Dec 05 • 1:17 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


