ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊ လစာများ ပိုမိုဝင်ရောက်စေရေး ကြီးကြပ်မှုကော်မတီကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက သြဂုတ်လ ၂၃ ရက်တွင် ဖွဲ့စည်းထားကြောင်း သိရသည်။ ဤကော်မတီသည် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးကို ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး၊ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုများထံ ပြန်လည်လွှဲပို့ရေး အလုပ်သမားအေဂျင်စီများမှ တာဝန်ခံဆောင်ရွက်ခြင်းအပေါ် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် တရားမဝင်လမ်းကြောင်းမှ လွှဲပြောင်းနေသည့် အေဂျင်စီများကို အရေးယူခြင်းနှင့် ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမားများ၏ စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိ၊ မရှိကို စစ်ဆေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Dec 05 • 1:16 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


