မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ ဂန္ဓမာပန်းစိုက်ခင်းများ၌ ယခုနှစ်တွင် ဖောက်သည် လာရောက်ဝယ်ယူမှုများ နည်းပါးလာသည့်အတွက် ပန်းစိုက်တောင်သူများသည် ပန်းများကို ရန်ကုန်၊ အောင်လံ၊ ပုသိမ်စသည့် နယ်ဝေးမြို့များသို့ ကားဖြင့် တင်ပို့ရောင်းချနေရကြောင်း ပြောသည်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဝယ်ယူမှု နည်းပါးရခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် မိုးရွာသွန်းမှု များခြင်းကြောင့် ရေမျောပျက်စီးမှုများနှင့် မှိုရောဂါကျရောက်မှုများကြောင့် ပန်းအထွက်နှုန်းပါ လျော့ကျခဲ့ကြောင်း သိရသည်။ ပန်းဈေးကွက်မှာ အရင်နှစ်များနှင့် ကွာခြားမှုမရှိသော်လည်း အရင်းအနှီးဖိုးသာရရှိကြောင်း ပေါက်ပင်တွင်းကျေးရွာမှ ပန်းစိုက်တောင်သူ ကိုမျိုးမင်းဦးက ပြောသည်။ မင်းဘူးမြို့နယ်တွင် ဂန္ဓမာပန်း စိုက်ပျိုးမှုကို ဇွန်လမှ စတင်ကာ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ရောင်းချလေ့ရှိပြီး၊ ကြွေဖြူ၊ ရွှေဝါဝင်း၊ စံပယ်ဖြူ စသည့် အမျိုးအစားများမှာ ရောင်းအားကောင်းကြောင်း သိရသည်။
မင်းဘူးမြို့နယ် ဂန္ဓမာပန်းစိုက်ခင်းများတွင် ဖောက်သည်နည်းပါးလာ၍ ပန်းများကို နယ်ဝေးမြို့များသို့ တင်ပို့ရောင်းချနေရ
Dec 05 • 1:06 AM
မြန်မာ
မကွေး
မျှဝေမည်
| 33 | 0 | 0 | 0 |


