back

ပြည်တွင်းထုတ်ဓာတ်ဆီများအား တစ်လီတာ ၂၀၀ ကျပ် လျှော့ရောင်းမည်

Dec 04 • 3:46 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းထုတ်ဓာတ်ဆီများအား တစ်လီတာ ၂၀၀ ကျပ် လျှော့ရောင်းမည်

စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းထုတ် Ron 68 ဓာတ်ဆီတွေကို အရင်က ပုဂ္ဂလိကကို တင်ဒါစနစ်နဲ့ ရောင်းချခဲ့ရာမှာ အခုနှစ် ဇန်နဝါရီလက စတင်ပြီး သုံးစွဲသူတွေထံ တိုက်ရိုက်...

စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းထုတ် Ron 68 ဓာတ်ဆီတွေကို အရင်က ပုဂ္ဂလိကကို တင်ဒါစနစ်နဲ့ ရောင်းချခဲ့ရာမှာ အခုနှစ် ဇန်နဝါရီလက စတင်ပြီး သုံးစွဲသူတွေထံ တိုက်ရိုက်ရောင်းချတဲ့ စနစ်နဲ့ ဖြန့်ဖြူးရောင်း ချပေးနေတယ်လို့ ဆိုပါတယ်။

ရေနံစိမ်း နဲ့ သဘာဝဓာတ်ငွေ့ ရရှိမှုအပေါ် မူတည်ပြီး Ron 72 နဲ့ Ron 77 ဓာတ်ဆီတွေကိုလည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအခါ ရေနံစိမ်းကုန်ကြမ်း ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဒီဇင်ဘာ ၄ ရက်က စတင်ပြီး ပြည်တွင်းထုတ် ဓာတ်ဆီအမျိုးမျိုးကို အရင်ရောင်းချနေတဲ့ ဈေးနှုန်းတွေထက် တစ်လီတာ ကို ၂၀၀ ကျပ်အထိ လျှော့ချပြီး ဖြန့်ဖြူးရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။




news-view-count-icon

38