ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်က ဘီးလင်း-နတ်ကြီး-ဖာပွန် သွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၇ မိုင် ၇ ဖာလုံနှင့် ၁၈ မိုင်အကြား ပျဉ်သာကျေးရွာအနီးရှိ တံတား အမှတ်(၆/၁၈)၊ အလျား ၁၂၀ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန် ၄၅ တန်ခန့်ရှိ သံကူကွန်ကရစ်အမျိုးအစား ဒေသအခေါ် ပျဉ်သာတံတားကို မိုင်းထောင်ဖောက်ခွဲခဲ့သည်။မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတားထိပ်ပိုင်းတွင် အကျယ် ၅ ပေခန့်ရှိ ကွန်ကရစ်ကြမ်းခင်းနှင့် ကွန်ကရစ်ထိန်းသံတိုင်များပြိုကျပျက်စီးသွားခဲ့သည်။



