သာမဏသာရုပ္ပနှင့်မညီဘဲ ရပ်ကွက်များ၊ စျေးများ၊ စျေးဆိုင်များ၊ စားသောက်ဆိုင်များအပါအဝင် လူအများအပြားရှိရာ နေရာများတွင် လိုက်လံ၍ ငွေအလှူခံနေသော ရဟန်းသံဃာနှင့် ရှင်သာမဏေများကို ကြပ်မတ်မှုများလုပ်ဆောင်နေကြောင်း မော်လမြိုင်မြို့ခံများထံမှ သိရသည်။ရဟန်းသံဃာတို့မှာ မိမိတို့ကို ဖိတ်မန္တကပြုမထားသူများထံ အလှူခံခွင့်မရှိဘဲ၊ တပည့်တော်ကို ပစ္စည်းလေးပါ ဒယိကာအဖြစ် မှတ်ယူပါဘုရား၊ အရှင်ဘုရား၌ အလိုရှိသောပစ္စည်းကို တပည့်တော်ထံမှ အလှူခံတော်မူပါဟူ၍ လျှောက်ထားမှသာ ယင်းဒါယိကာဒါယိကာမများထံမှ အလှူခံခွင့်ရှိကြောင်း၊ ယခုအခါ ဘတ်စ်ကားများပေါ်အပါအဝင် စျေးများနှင့် လူစည်ကားရာ နေရာများ၊ ဆိုင်များအတွင်းသို့ စာရွက်များကမ်း၍လည်းကောင်း၊ အတင်းဝင်ရောက်၍ အလှူခံခြင်းတို့မှာ ရဟန်းကျင့်ဝတ်နှင့် လျော်ညီသောအပြုမူမျိုးမဟုတ်ကြောင်းလည်း စာသင်တိုက်တစ်ခု၏ ကျောင်းထိုင်ဆရာတော်ဖြစ်သူက မိန့်ကြားတော်မူထားသည်။



