back

အခန်းလိုက်စျေးထက် တစ်ဦးချင်းနှုန်းမျိုးဖြင့် ကျိုက်ထီးရိုးတည်းခိုဆောင်အချို့ လုပ်ဆောင်လာ

Dec 04 • 1:01 PM

breaking-news

မြန်မာ

မွန်

cover

အခန်းလိုက်စျေးထက် တစ်ဦးချင်းနှုန်းမျိုးဖြင့် ကျိုက်ထီးရိုးတည်းခိုဆောင်အချို့ လုပ်ဆောင်လာ

ယခုနောက်ပိုင်းတွင် ကျိုက်ထီးရိုးမှ တည်းခိုဆောင်အချို့မှာ တည်းခိုခကိုအခန်းလိုက်စျေးနှုန်းမျိုးထက် လူတစ်ဦးချင်းပေါ် တွက်ချက်တောင်းယူသောပုံစံမျိုးဖြင့် လုပ်ဆောင်လာ...

ယခုနောက်ပိုင်းတွင် ကျိုက်ထီးရိုးမှ တည်းခိုဆောင်အချို့မှာ တည်းခိုခကိုအခန်းလိုက်စျေးနှုန်းမျိုးထက် လူတစ်ဦးချင်းပေါ် တွက်ချက်တောင်းယူသောပုံစံမျိုးဖြင့် လုပ်ဆောင်လာကြကြောင်း ကိုယ်တိုင်ကြုံသူများထံမှ သိရသည်။အဆိုပါ တည်းခိုဆောင်များတွင် နှစ်ယောက်ခန်း၊ လေးယောက်ခန်း၊ ခြောက်ယောက်၊ ရှစ်ယောက်ဆံ့သည့် အခန်းများအသီးသီးရှိကြပြီး တည်းခိုခကို ယခင်ကတစ်ခန်းနှုန်းသတ်မှတ်ကောက်ခံခဲ့သော်လည်း ယခုအခါ တည်းခိုသည့် လူဦးရေပေါ်တွက်ချက်၍ အခန်းခသတ်မှတ်လာခြင်းလည်းဖြစ်သည်။ထိုသို့သော မိသားစုတည်းနိုင်သောအခန်းများတွင် ငါးယောက်လောက်အထိဆံ့လေ့ရှိတတ်ပြီး တစ်ခန်းပျမ်းမျှ ငါးသောင်း ဝန်းကျင်ကျသင့်ချိန်တွင် တစ်ယောက်လျှင် ကြားရက်များဖြစ်ပါက တစ်သောင်းခွဲ၊ စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီး ပိတ်ရက်များဖြစ်ပါက သုံးသောင်းနှုန်းသတ်မှတ်လေ့ရှိသည်။




news-view-count-icon

15