back

ကချင်ပြည်၊မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်

Dec 04 • 7:18 AM

breaking-news

မြန်မာ

ကချင်

breaking-news
cover

ကချင်ပြည်၊မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သ...

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးရွာမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ဖြစ်စဥ်ကတော့ မန်ဝိန်းကြီး– ဗန်းမော်၊မိုင်ဂျာယန်ဘက်သွားတဲ့ လမ်းမကြီးမှာ ဒီဇင်ဘာလ ၃ ရက် နေ့လည် ၁၂နာရီဝန်းကျင်အချိန် ကားနဲ့ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိကြတာဖြစ်တယ်လို့ သိရပါတယ်။ဆိုင်ကယ်မှာတော့ လူနှစ်ယောက်ထဲက အမျိုးသမီးကတော့ ခါးကျိုးပြီး ပေါင်မှာထိခိုက်ဒဏ်ရာရတယ်။ အမျိုးသားကတော့ တစ်ခြားကျိုးပဲ့တာမရှိပေမယ့်လက်ချောင်းတွေ အကုန်လုံးပွန်းပဲ့ကုန်တယ်”လို့ ဆိုပါတယ်။

news-view-count-icon

66