back

ရန်ကုန်၊ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဆရာတော်၊ သံဃာတော်(၉၀)ပါးမှ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်

Dec 04 • 7:14 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်၊ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ဆရာတော်၊ သံဃာတော်(၉၀)ပါးမှ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်

ရန်ကုန်ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ယနေ့ ဒီဇင်ဘာ ၄ ရက်(နတ်တော်လပြည့်နေ့)နံနက် ၅ နာရီက စေတီတော်မြတ်ကြီးအား ရန်ကုန်တိုင်းသ...

ရန်ကုန်ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ယနေ့ ဒီဇင်ဘာ ၄ ရက်(နတ်တော်လပြည့်နေ့)နံနက် ၅ နာရီက စေတီတော်မြတ်ကြီးအား ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၉၀) ပါးမှ ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်း၍ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


news-view-count-icon

38