back

မြန်မာ ယူ၁၇ ကစားသမား လင်းရောင်၏ ဒဏ်ရာအခြေအနေ သက်သာကောင်းမွန်လာ

Dec 04 • 6:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ ယူ၁၇ ကစားသမား လင်းရောင်၏ ဒဏ်ရာအခြေအနေ သက်သာကောင်းမွန်လာ

အာရှယူ၁၇ ခြေစစ်ပွဲအောင် မြန်မာယူ၁၇ အသင်းမှ ကွင်းလယ်လူ လင်းရောင်၏ ဒဏ်ရာ အခြေအနေ သက်သာကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာဌာနမှ ထုတ်ပ...

အာရှယူ၁၇ ခြေစစ်ပွဲအောင် မြန်မာယူ၁၇ အသင်းမှ ကွင်းလယ်လူ လင်းရောင်၏ ဒဏ်ရာ အခြေအနေ သက်သာကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးဘက်ဆိုင်ရာဌာနမှ ထုတ်ပြန်ကြေညာပါသည်။လင်းရောင်၏ ညာခြေကျင်းဝတ် ဒဏ်ရာကိုတစ်လခန့် အနားယူ၍ physio treatment နှင့် Physical strengthening လုပ်ရမည်ဖြစ်ကြောင်၊ အရိုးအား ထိခိုက်ခြင်းမရှိဘဲ အရွတ်ကို ထိခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ကစားသမားလင်းရောင်သည် အာရှယူ၁၇ ခြေစစ်ပွဲ အဆုံးအဖြတ် ပွဲစဉ်ဖြစ်သည့် ဆီးရီးယားနှင့် ပွဲတွင် ပြိုင်ဘက်၏ ဖျက်ထုတ်မှုမှ ဒဏ်ရာ ရရှိခဲ့သည်။ လက်ရှိအချိန်တွင် လင်းရောင်သည် သထုံမြို့ရှိ မိသားစုနေအိမ်သို့ ပြန်လည်ထွက်ခွာ၍ အနားယူမည်ဖြစ်သည်။


news-view-count-icon

47