ရန်ကုန်တွင် လက်ရှိ YBS ယာဉ်လိုင်းများတွင် စီးနင်းသောခရီးသည်နှင့် ယဉ်စီးရေမမျှသောအခြေအနေမျိုးကို ကြုံကာ နှစ်ကုန်ပိုင်းရောက်သည်အထိ ခရီးသည်များအတွက်အခက်အခဲများကြုံနေရဆဲဖြစ်ကြောင်း နေ့စဉ်စီးနင်းသွားလာနေသည့် ခရီးသည်များထံမှ သိရသည်။ရန်ကုန်မြို့အတွင်း နယ်ဒေသများမှအခြေချပြောင်းရွှေ့လာသူအများအပြားရှိလာပြီးနောက်တွင် YBS ယာဉ်လိုင်းများအတွင်း စီးနင်းနေသည့် နေ့စဉ်ခရီးသွားဦးရေသည် ကိုဗစ်မတိုင်ခင် ၁ ဒသမ ၂ သန်းကို ကျော်လွန် ၍ ၁ ဒသမ ၅ သန်းလောက်အထိ တိုးလာခဲ့သည်။ သို့ရာတွင် နေ့စဉ်ပြေးဆွဲပေးနေသည့် ယာဉ်စီးရေမှာ ကိုဗစ်မတိုင်ခင်က တစ်ရက်လျှင် ၄၄၀၀ ကျော်လောက် ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်ရက်ပျမ်းမျှ ၃,၃၀၀ ကျော် မှ ၃,၄၀၀ ဝန်းကျင်သာရှိနေပြီး အထူးသဖြင့် ရုံးတက်ရုံးဆင်းအချိန်များတွင် ယာဉ်လိုင်းအချို့၌ တက်မရလောက်အောင် ပြည့်သိပ်ကျပ်သောအခြေအနေမျိုးကို ကြုံနေရခြင်းလည်း ဖြစ်ကြောင်း သိရသည်။
Dec 04 • 6:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


