ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက နေရပ်စွန့်ခွာပြည်သူတွေအတွက် အနွေးအထည်နဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ဆောင်းရာသီ ရောက်ရှိလာပြီဖြစ်တာကြောင့် အနွေးအထည်တွေ လိုအပ်နေပြီး အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုမိုလိုအပ်နေတယ်လို့ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောခဲ့တာဖြစ်ပါတယ်။“အခုက အရမ်းအေးပြီ။ အကူအညီ မရောက်တာ တော်တော်ကြာပြီ။ ခက်ခဲတာတွေက အစားအသောက်တွေ လိုအပ်တယ်။ အေးလာပြီဆိုတော့ တစ်ချို့အိမ်ထောင်တွေက ကလေးကများ အကုန်လုံးကို အနွေးအထည် လောက်အောင်က မလွယ်ကူဘူး။ အဓိကကတော့ ကလေးတွေပေါ့။ အနွေးအင်္ကျီ၊ အနွေး ဘောင်းဘီလိုမျိုး လိုအပ်နေတယ်။ ရတဲ့ တစ်ထည်ကိုပဲ ဝတ်နေတာမျိုးပေါ့။” လို့ ဆိုပါတယ်။



