back

ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီ မှ ကြံ့ခိုင်မှု (၁၀၀%)မရှိရင် ဗင်နီစီယပ်စ်ကိုလည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောကြား

Dec 04 • 3:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီ မှ ကြံ့ခိုင်မှု (၁၀၀%)မရှိရင် ဗင်နီစီယပ်စ်ကိုလည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောကြား

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းမှာ ကြံ့ခိုင်မှု(၁၀၀%)ရှိတဲ့ ကစားသမားတွေကိုသာ ရွေးချယ်သွားမှာဖြစ်ပြီး က...

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းမှာ ကြံ့ခိုင်မှု(၁၀၀%)ရှိတဲ့ ကစားသမားတွေကိုသာ ရွေးချယ်သွားမှာဖြစ်ပြီး ကြံ့ခိုင်မှုမပြည့်ဝရင် ဗင်နီစီယပ်စ်ကိုလည်း ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာ ဆန်းတို့စ်အသင်းက နာမည်ကျော်တိုက်စစ်ကစားသမား နေမာဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝဖို့ မသေချာတာကြောင့် မေးမြန်းခဲ့ရာမှာ အန်ဆယ်လော့တီက ဗင်နီစီယပ်စ်ကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ နေမာက သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေပေမဲ့ ဒဏ်ရာထိုးနှက်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လွဲချော်ရဖို့ အလားအလာများနေကြောင်း သိရပါတယ်။ဗင်နီစီယပ်စ်(၂၅ နှစ်)ကတော့ လက်ရှိအချိန်မှာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်နေသူဖြစ်ပါတယ်။

news-view-count-icon

28