back

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးအဆင့်ဖြစ်နေကြောင်း UNODC စစ်တမ်း ထုတ်ပြန်

Dec 04 • 3:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးအဆင့်ဖြစ်နေကြောင်း UNODC စစ်တမ်း ထုတ်ပြန်

မနေ့က ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့စစ်တမ်း ဟာ မြန်မာနိုင်ငံမှာ အခုနှစ် ဘိန်းဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ကမ...

မနေ့က ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့စစ်တမ်း ဟာ မြန်မာနိုင်ငံမှာ အခုနှစ် ဘိန်းဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ပြီး ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ အဓိက နိုင်ငံတခု အဖြစ် ဆက်လက် ရပ်တည် နေကြောင်း ဖော်ပြခဲ့ပါတယ်။ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လာတဲ့ မြန်မာနိုင်ငံ ဘိန်းစစ်တမ်း ၂၀၂၅ အရ ဘိန်းစိုက်ပျိုးတဲ့ ဧရိယာဟာ ၂၀၂၄ ခုနှစ်မှာ ၁၇% တိုးလာခဲ့ပြီး ဟက်တာ ၅၃,၁၀၀ ( ၁၃၁,၂၁၂ ဧက) အထိ ရှိလာခဲ့ရာ၊ ၂၀၁၅ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး နယ်မြေ ဧရိယာဖြစ်ခဲ့ပါတယ်။UNODC က မြန်မာနိုင်ငံကို ကမ္ဘာ့အကြီးဆုံး မက်သမ်ဖက်တမင်း (methamphetamine) ထုတ်လုပ်တဲ့ နိုင်ငံ အဖြစ်လည်း ဖော်ပြခဲ့သလိုအစီရင်ခံစာ အရ မြန်မာနိုင်ငံရှိ ဘိန်းစီးပွားရေး တန်ဖိုးဟာ ဒေါ်လာ ၆၄၁ သန်းမှ ၁.၀၅ ဘီလီယံ ခန့်ရှိပြီး ဒါဟာ ၂၀၂၄ ခုနှစ် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် (GDP) ရဲ့ ၀.၉% မှ ၁.၄% ခန့် ရှိနေပါတယ်။

news-view-count-icon

70