ယခုနှစ်ဆောင်းရာသီတွင် တောင်သမန်အင်းသို့ ဆောင်းခိုငှက်ဝင်ရောက်မှု ယခင်နှစ်များထက်ပင် လျော့ကျသွားကြောင်း သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေကြသူများထံမှ သိရသည်။ဆောင်းခိုငှက်များဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ်လျော့ကျနေကြောင်း၊ တောင်သမန်အင်းတွင် နှစ်စဉ် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း တစ်ရာကျော်ဝင်လေ့ရှိပြီး ရှားပါးမျိုးစိတ်ဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။



