၃.၁၂.၂၀၂၅ ရက်ယနေ့၊ ၁၂နာရီ ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာမြို့နယ်မီးသတ်စခန်း၊ သာစည်မြို့နယ်မီးသတ်စခန်း၊ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် လျှော်ပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update၁၂ နာရီ၅၀ အချိန် မီးငြိမ်းပါသည်။



