back

ထိုင်းကလပ်ကို ပြောင်းမယ့် ဟိန်းဖြိုးဝင်းနဲ့ ရှမ်းယူနိုက်တက်တို့ လမ်းခွဲ

Dec 03 • 6:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ထိုင်းကလပ်ကို ပြောင်းမယ့် ဟိန်းဖြိုးဝင်းနဲ့ ရှမ်းယူနိုက်တက်တို့ လမ်းခွဲ

မြန်မာ့လက်ရွေးစင် တောင်ပံကစားသမား ဟိန်းဖြိုးဝင်းအနေနဲ့ ထိုင်းလိဂ်ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားမှာ ဖြစ်တာကြောင့် မိခင်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်...

မြန်မာ့လက်ရွေးစင် တောင်ပံကစားသမား ဟိန်းဖြိုးဝင်းအနေနဲ့ ထိုင်းလိဂ်ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားမှာ ဖြစ်တာကြောင့် မိခင်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ကစားသမားဟိန်းဖြိုးဝင်းဟာ ထိုင်းကလပ် ရက်ချဘူရီအသင်းမှာ ကစားခဲ့ဖူးပြီး ရှမ်းယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာကာ အသင်းနဲ့အတူ နှစ်ရာသီ ပါဝင်ကစားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟိန်းဖြိုးဝင်းပြောင်းရွှေ့ကစားမယ့် ထိုင်းကလပ်အသင်းအမည်ကို မသိရသေးဘဲ အတည်မပြုနိုင်သေးတဲ့ သတင်းအရ ထိုင်းလိဂ်-၂ကလပ်အသင်း တစ်သင်းဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

40