back

မန္တလေးမန်းတောင်ခြေ စန္ဒာမုနိဘုရားအတွင်း ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ

Dec 03 • 6:33 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမန်းတောင်ခြေ စန္ဒာမုနိဘုရားအတွင်း ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ

မန္တလေးတောင်ခြေ၊ နန်းမြေဘုံသာ စန္ဒာမုနိဘုရားပရိဝုဏ်အတွင်း လိုင်းကျင်းတူးရာမှ ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိခဲ့ကြောင်း ဂေါကပအဖွဲ့ထံမှ...

မန္တလေးတောင်ခြေ၊ နန်းမြေဘုံသာ စန္ဒာမုနိဘုရားပရိဝုဏ်အတွင်း လိုင်းကျင်းတူးရာမှ ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိခဲ့ကြောင်း ဂေါကပအဖွဲ့ထံမှ သိရသည်။အဆိုပါ အရိုးအိုးအား နိုဝင်ဘာလ (၃၀) ရက် ညနေပိုင်းတွင် ဘုရားဂေါပကအဖွဲ့မှ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေစဥ် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း (၂) ရက်ဟု ကမ္ဗည်းထိုးထားသည်။

“ရှေးဟောင်းပညာရှင်တွေလည်း လာကြည့်ကြပါတယ်။ ၁၁၂ နှစ် သက်တမ်းရှိပါတယ်” ဟု ဖြစ်စဉ်ကို သိသူတစ်ဦးကလည်း ပြောသည်။



news-view-count-icon

20