ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် သုံးမြို့နယ်တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းအတွက် တင်ဒါခေါ်ယူထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖော်ဆောင်ရန် အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၄) ခန်းတွဲ (၆) ထပ်တိုက် (၃၆) လုံးနှင့် Shop House အလုံး (၂၀) ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၄) ခန်းတွဲ (၆) ထပ်တိုက် (၁၀) လုံးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် (၄) ခန်းတွဲ (၆) ထပ်တိုက် (၄၅) လုံးအပြင် Commercial Area ၂ ဒသမ ၇၃ ဧက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။



