back

Myanmar Coffee Association မှ GACC မှတ်ပုံတင်ကို အချိန်မီသက်တမ်းတိုးရန် နှိုးဆော်

Dec 03 • 5:47 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

Myanmar Coffee Association မှ GACC မှတ်ပုံတင်ကို အချိန်မီသက်တမ်းတိုးရန် နှိုးဆော်

တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်ခွင့် စီမံခန့်ခွဲရေး သတ်မှတ်ချက်များ ပြဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့်ကို အချိန်မီသက်တမ်းတိ...

တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်ခွင့် စီမံခန့်ခွဲရေး သတ်မှတ်ချက်များ ပြဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့်ကို အချိန်မီသက်တမ်းတိုးရန် အဆိုပါအသင်းမှ အသိပေးတိုက်တွန်းထားသည်။သက်တမ်းတိုးရန်အတွက် ခွင့်ပြုချက်သက်တမ်းမကုန်ဆုံးမီ (၃) လမှ (၆) လ အထိ ကြိုတင် သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ GACC မှတ်ပုံတင် သက်တမ်းကုန်လွန်နေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် သက်တမ်းတိုးမြှင့်လိုခြင်းရှိ/မရှိကို ဒီဇင်ဘာ ၇ ရက်နေ့မတိုင်မီ သက်တမ်းတိုးခွင့်အတွက် ထောက်ခံတင်ပြပေးနိုင်ရေး ဆောင်ရွက်ပေးရန် သီးနှံကာကွယ်ရေးဦးစီဌာနမှ အကြောင်းကြားလာကြောင်း သိရသည်။ MCA အသင်းဝင်ကုမ္ပဏီများမှ GACC မှတ်ပုံတင် သက်တမ်းတိုးမြှင့်လိုပါက အသင်းရုံး ဖုန်း - ၀၉ ၄၂၀ ၀၂၀ ၈၆၉သို့ ဒီဇင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ပေးရန် အသိပေးထားသည်။


news-view-count-icon

41