back

မလေးရှားနိုင်ငံ ဂျိုဟိုးတွင် တရားမဝင်မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

Dec 03 • 5:42 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံ ဂျိုဟိုးတွင် တရားမဝင်မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဘူကစ်အင်ဒါရှိ စားသောက်ဆိုင်တစ်ခုတွင် ပြုလုပ်ခဲ့သော ဝင်ရောက်စစ်ဆေးမှုအတွင်း တရားဝင် နေထိုင်ခြင်းမရှိသည့် နိုင်ငံခြားသား အလုပ်သမ...

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဘူကစ်အင်ဒါရှိ စားသောက်ဆိုင်တစ်ခုတွင် ပြုလုပ်ခဲ့သော ဝင်ရောက်စစ်ဆေးမှုအတွင်း တရားဝင် နေထိုင်ခြင်းမရှိသည့် နိုင်ငံခြားသား အလုပ်သမား ၂၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟုဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန (JIM Johor) က ထုတ်ပြန်ခဲ့သည်။အဆိုပါ ဝင်ရောက်စစ်ဆေးမှုတွင် စုစုပေါင်း လူ ၄၀ ဦးကို စစ်ဆေးခဲ့ရာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားရှိ မြန်မာအပါအဝင် တရားမဝင် နေထိုင်သူ ၂၄ ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၁၆ ဦး (အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၄ ဦး) သည် အရေအတွက် အများဆုံးဖြစ်ပြီး ကျန်ရှိသူများမှာ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး) နှင့် ဗီယက်နမ်အမျိုးသမီး ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ၊ ၎င်းတို့အားလုံးသည် မလေးရှားနိုင်ငံတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ တရားဝင် ခွင့်ပြုမိန့်များ မပြသနိုင်ခဲ့ခြင်းကြောင့် ဖမ်းဆီးရခြင်း ဖြစ်သည်။ဖမ်းဆီးခံရသူ ၂၄ ဦးအား မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ (Immigration Act 1959/63) ၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

news-view-count-icon

14