back

ထိုင်းဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ ကစားသမား ၁,၅၀၀ နီးပါးဖြင့် အားကစားနည်း ၃၆ မျိုး ပါဝင်ယှဉ်ပြိုင်မည်

Dec 03 • 5:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ ကစားသမား ၁,၅၀၀ နီးပါးဖြင့် အားကစားနည်း ၃၆ မျိုး ပါဝင်ယှဉ်ပြိုင်မည်

ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) သို့ မြန်မာနိုင်ငံမှ ကစားသမားအင်အား ၁,၄၇၇ ...

ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) သို့ မြန်မာနိုင်ငံမှ ကစားသမားအင်အား ၁,၄၇၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းကစားသမားများသည် စုစုပေါင်း အားကစားနည်း ၃၆ မျိုးတွင် ပါဝင်မည်ဖြစ်ပြီး၊ ယင်းဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၅၀ မှ ရွှေတံဆိပ် ၅၇၄ ခု ချီးမြှင့်မည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်တွင် မြို့တော်ဘန်ကောက်ရှိ ရာဇမင်္ဂလာအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာကိုယ်စားပြုအသင်းသည် ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်းများ အပါအဝင် ၃၆ မျိုးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

news-view-count-icon

39