မကွေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံ-ကျောက်ပန်းတောင်း ရထားလမ်းပိုင်း၏ တံတားအမှတ် (၁၅၇) အနီးရှိ ရထားသံလမ်းအား ဒီဇင်ဘာ ၂ ရက်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ စုတည်ဘူတာနှင့် တောင်ဇင်းဘူတာကြား ရထားလမ်းပိုင်း မိုင်တိုင်အမှတ် ၃၈၁/၁၅-၁၆ ကြား၌ ပေ ၂၀ အရှည်ရှိ သံဘောင်တံတားအနီးတွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး၊ ရထားသံလမ်းဖိနပ် (၁) ပေခန့်နှင့် ဇလီဖားတုံး (၃) တုံး ပျက်စီးခဲ့ရာ နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် လမ်းပိုင်းကို ယာယီပိတ်ခဲ့ရသည်။ လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေရှင်းလင်းပြီးနောက် မြန်မာ့မီးရထားဝန်ထမ်းများက အမြန်ဆုံးပြုပြင်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်တွင် လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ရန်ကုန်-ပုဂံ အမှတ် (၆၁/၆၂) အဆန်-အစုန်လူစီးရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။
Dec 03 • 2:24 AM
မြန်မာ
မကွေး
မျှဝေမည်
| 29 | 0 | 0 | 0 |


