ယခု ဒီဇင်ဘာပိတ်ရက်များအတွင်းတွင် ဘုရားဖူးဧည့်သည်များလာရောက်ရန်အတွက် မျှော်မှန်းကာ လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်ထားကြောင်း ကျိုက်ထီးရိုးတောင်တော်ပေါ်တွင် ဖွင့်လှစ်ထားသောထမင်းဆိုင်ပိုင်ရှင်များထံမှ သိရသည်။ယခင်က ဒီဇင်ဘာလအတွင်း ခရစ္စမတ်ပွဲတော်ကာလတွင် ဘုရားဖူးလာရောက်မှုများပြားလေ့ရှိပြီး ရင်ပြင်တော်အပါအဝင် စားသောက်ဆိုင်နှင့် တည်းခိုခန်း၊ ဟိုတယ်များအားလုံး အခန်းလွတ်မရှိသည်အထိ ဘုရားဖူးအပြည့်ဖြစ်ခဲ့ဖူးကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ခရစ္စမတ်ပွဲတော်ကာလပိတ်ရက်အဖြစ် ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ပိတ်ရက်(၄)ရက်တာ ကာလအတွင်း ဘုရားဖူးများ အများအပြားလာရောက်ရန်လည်း မျှော်မှန်းကာ ပြင်ဆင်နေကြခြင်းဖြစ်သည်။



