‘အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ‘အထိမ်းအမှတ် အခမ်းအနားကိုဒီကနေ့ ဒီဇင်ဘာလ(၂)ရက်မှာ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာကျင်းပခဲ့ပါတယ်။ဒီနေ့မှာ အင်အားတွေမွေးကြရပါမယ်။ ဒီနေ့မှာ အနာဂတ်အတွက်လှပတဲ့နေ့ရက် တွေ၊လှပတဲ့အိပ်မက်တွေ ၊လှပတဲ့ဘဝတွေဖန်တီးပေးနိုင်ဖို့ အတွက် အဓိပ္ပာယ်ရှိ နေသော အင်အားအပြည့်ရရှိနိုင်ပါစေကြောင်းပြောကြားလိုပါတယ်”လို့ ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဌဦးမြတ်သူဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌဦးရှိန်ဝင်းကလည်း ‘’မသန်စွမ်းတဲ့သူတွေနဲ့ပြောမယ်ဆိုရင် လူ့လောကမှာလူဖြစ်လာရင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းရှိမယ်။စိတ်ကအဓိကဖြစ်ပါတယ်။စိတ်စွမ်းဆောင်မှုက အဓိက။ သဒ္ဓါတရားဆိုတဲ့ စွမ်းဆောင်နိုင်တဲ့စိတ်ဓာတ်က အရေးကြီးဆုံးဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့သည်လောကမှာ လူလာဖြစ်တဲ့အချိန်မှာ ဘဝကံ အကြောင်းကြောင်းကြောင့်မသန်စွမ်းဖြစ်ရပေမယ့် လုပ်နိုင်တဲ့ကိစ္စတွေအများကြီး ရှိပါတယ်။စွမ်းနိုင်တဲ့ကိစ္စတွေအများကြီးရှိပါတယ်”လို့ အခမ်းအနားမှာ ထည့်သွင်း အားပေးစကားပေးခဲ့ပါတယ်။အခမ်းအနားမှာအပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်း အမှတ်ပြိုင်ပွဲတွေမှာ ဆုရရှိသူတွေကိုဆုများချီးမြှင့်ပေးသွားမည့် အစီအစဥ်များ၊
မသန်စွမ်းသူတွေရဲ့ထုတ်ကုန်တွေကို display booth များဖြင့် ခင်းကျင်း ပြသ ရောင်းချပေးတဲ့ အစီအစဥ်များ၊Microfinance ကုမ္ပဏီတွေရဲ့မသန်စွမ်းစီးပွားရေးချေးငွေတွေနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေနဲ့ စီးပွားရေးချေးငွေတွေလျှောက်ထားနိုင်မယ့် အခွင့်အလမ်းများ၊အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လည်း MAB နဲ့ KBZ ဘဏ်တွေမှ HR တာဝန်ခံတွေနဲ့ တိုက်ရိုက် တွေ့ဆုံ မေးမြန်းကာ အလုပ်လျှောက်ထားနိုင်တဲ့ အခွင့်အလမ်းတွေပေးထားတယ်လို့ဆိုပါတယ်။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျရောက်မယ့်‘အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့’ကိုဂုဏ်ပြုသောအားဖြင့်ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)နဲ့Myanmar Persons with Disabilities & Alliances (MPDA) တို့ ပူးပေါင်းပြီးကျင်းပခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



