ဒီဇင်ဘာလ ၁ ရက်နေ့ ၁၃နာရီ၃၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၁၆ လမ်းထောင့်တွင် ရဲပြည့်စုံအောင် မောင်းနှင်ပြီး ရဲမင်းအောင် လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၁၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၄ သိန်း)၊ Happy Water အလေးချိန် ၃.၉၈ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄,၇၇၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရဲပြည့်စုံအောင်(၂၇)နှစ် နှင့် ရဲမင်းအောင်(၃၄)နှစ်တို့အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



