back

ဒီနှစ်ဆောင်း အအေးပိုခြင်းအပြင် လေထုညစ်ညမ်းခြင်းပါသတိပြုရန်လိုဟုဆို

Dec 02 • 8:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဒီနှစ်ဆောင်း အအေးပိုခြင်းအပြင် လေထုညစ်ညမ်းခြင်းပါသတိပြုရန်လိုဟုဆို

အခုနှစ်ဆောင်းတွင်းကာလမှာ ဒေသအချို့မှာ လာနီညာကြောင့်အအေးပိုလာမယ့် အပြင် လေထုညစ်ညမ်းခြင်းပါရှိလာနိုင်လို့ သတိထားဖို့လိုအပ်တယ်လို့ မိုးလေ ဝသပညာရှင်ဦးဝင်းနိုင်ကသတိပ...

အခုနှစ်ဆောင်းတွင်းကာလမှာ ဒေသအချို့မှာ လာနီညာကြောင့်အအေးပိုလာမယ့် အပြင် လေထုညစ်ညမ်းခြင်းပါရှိလာနိုင်လို့ သတိထားဖို့လိုအပ်တယ်လို့ မိုးလေ ဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်။မြန်မာနိုင်ငံမှာ ရှမ်း၊ကချင်၊ချင်းဒေသတွေလိုအအေးပိုနေကြဒေသတွေအပြင် အရင်ကသိပ်မအေးတဲ့ရန်ကုန်၊မန္တလေး၊ပဲခူးလိုမြို့ကြီးတွေမှာပါဒီဇင်ဘာလကုန်ပိုင်းလောက် အအေးဓာတ်ပိုလာ လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဆောင်းတွင်းအအေးပိုတာအပြင် လေထုညစ်ညမ်းတာတွေရှိလာနိုင်လို့ အဆုတ်ရောင်၊အဆုတ်နဲ့အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါတွေမဖြစ်နိုင်အောင်ပြင်ပကိုသွားလာပါက နှာခေါင်းစည်းMaskတွေတပ်ဆင်ထားဖို့လည်း မိုးလေဝသ ပညာရှင်ဦးဝင်းနိုင်က အကြံပြုပြောကြားထားပါတယ်။


news-view-count-icon

37