back

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့ရှိ အ.ထ.က သောက်ရေခပ်ကျောင်းတွင်ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

Dec 02 • 4:38 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့ရှိ အ.ထ.က သောက်ရေခပ်ကျောင်းတွင်ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကလေခိုကျေးရွာအုပ်စု သောက်ရေခပ်ကျေးရွာမှာ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)မှ ကျောင်းအုပ်စုအလိုက် အားကစားပြိုင်ပွဲတစ်ရပ် ကို ...

‎ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကလေခိုကျေးရွာအုပ်စု သောက်ရေခပ်ကျေးရွာမှာ ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)မှ ကျောင်းအုပ်စုအလိုက် အားကစားပြိုင်ပွဲတစ်ရပ် ကို ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၈ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။‎ကယန်းဒေသအတွင်းရှိ KNEC ကျောင်းတွေဖြစ်တဲ့ သောက်ရေခပ် အုပ်စုအတွင်းရှိ မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့် ကျောင်း (၈) ကျောင်းပေါင်းကာ ကာယနဲ့ဉာဏစွမ်းရည်ပြိုင်ပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါတယ်။‎အဲ့ဒီအုပ်စုစွမ်းရည်ပြိုင်ပွဲမှာ ကာယပိုင်း၊ ဉာဏ ပိုင်းအဖြစ် နှစ်ပိုင်းခွဲထားပြီး ကာယအပိုင်းမှာတော့ တာတိုအပြေးပြိုင်ခြင်း၊ ခြင်းလုံး၊ ဘောလုံး၊ အမြင့်ခုန်နဲ့ အလျားခုန် စတဲ့ အားကစားတွေ ထည့်သွင်းခဲ့ကြပြီး ဉာဏ အပိုင်းမှာတော့ ပန်းချီ၊ ပြဇာတ်၊ တိုင်းရင်းသားအက၊ ကျပန်း၊ တိုင်းရင်းသားဘာသာပြန်၊ စာစီစာကုံး၊ ကဗျာစတဲ့ ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။

news-view-count-icon

19