တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၃၀ ရက်က ဂြိုဟ်တုအသစ်တစ်လုံး လွှတ်တင်ခဲ့သည်။Shijian-28 ဂြိုဟ်တုကို ည ၈း၂၀ နာရီ (ပေကျင်းစံတော်ချိန်)၌ မွမ်းမံထားသော Long March-7 သယ်ဆောင်ရေးဒုံးပျံ တစ်စင်းဖြင့်လွှတ်တင်ခဲ့ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ယခုလွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီးများ၏ ၆၁၁ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မှု ခရီးစဥ် ဖြစ်သည်။



