ရန်ကုန်တိုင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် BOC မီးပွိင့်တွင် နိုဝင်ဘာ ၃၀ ရက်နေ့ ည ၁၁နာရီဝန်းကျင်က ကားတိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသွားတဲ့ကလေးငယ်မှာ အသက် ၁၀နှစ်ဝန်းကျင် မိန်းကလေးငယ်တစ်ဦးဖြစ်တယ်လို့ သိရပြီး ကားနဲ့တိုက်ခဲ့တဲ့ ကားသမားက တော့ ထွက်ပြေးသွားတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ တောင်းရမ်းစားသောက်သူ ကလေးငယ် ရုပ်အလောင်းကိုတော့ ခွန်အားသစ် လူမှုကူညီ ရေးအသင်းမှ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးထားတယ်လို့ သိရပါတယ်။



