back

Pan Pacific Hotel Yangon၏ ၈ နှစ်ပြည့် အထိမ်းအမှတ် ကို ခမ်းနားစွာ ကျင်းပ

Dec 01 • 2:33 AM

breaking-news

မြန်မာ

ရန်ကုန်

cover

Pan Pacific Hotel Yangon၏ ၈ နှစ်ပြည့် အထိမ်းအမှတ် ကို ခမ်းနားစွာ ကျင်းပ

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ Pan Pacific Hotel Yangon ဟိုတယ်သည် ၎င်း၏ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် 8th Anniversary Party ကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ...

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ Pan Pacific Hotel Yangon ဟိုတယ်သည် ၎င်း၏ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် 8th Anniversary Party ကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါဟိုတယ်၏ နှစ်ပတ်လည်ပွဲသို့ စီးပွားရေးပုဂ္ဂိုလ်များ၊ ရုပ်ရှင်နှင့် ဂီတကဏ္ဍမှ ဂုဏ်သရေရှိ ဧည့်သည်များအပါအဝင် ဟိုတယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပွဲအခမ်းအနားတွင် အထူးပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာ Buffet Menu များ၊ အရသာပြည့်ဝသော အစားအစာများအပြင် Live Music ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်ခဲ့ပြီး ဧည့်သည်များ၊ ဝန်ထမ်းများနှင့် ပူးပေါင်းသက်ဆိုင်သူများ တစ်နေရာတည်း တွေ့ဆုံပျော်ရွှင်နိုင်သည့် ပွဲတော်တစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

23