back

မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းမည့် ယာဉ်အမျိုးအစား ကန့်သတ်မည်

Nov 30 • 3:21 PM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းမည့် ယာဉ်အမျိုးအစား ကန့်သတ်မည်

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ)တံတားသည် ပင်လယ်ကူးသင်္ဘောများဖြတ်ကူးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးတံတားအမြင့်ဖြစ်ပြီး တံတားအချို့နေရာများတွင် လမ်းအနိမ့...

မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး(ဒလ)တံတားသည် ပင်လယ်ကူးသင်္ဘောများဖြတ်ကူးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးတံတားအမြင့်ဖြစ်ပြီး တံတားအချို့နေရာများတွင် လမ်းအနိမ့်အမြင့် Gradient မတ်စောက်သောကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခွင့်ပြုမည့်ယာဉ်အမျိုးအစား ကန့်သတ်ခြင်း၊ မောင်းနှင်ခွင့်ပြုသည့် အရှိန်နှုန်းအားကန့်သတ်ခြင်းနှင့် အရှိန်ထိန်းစနစ် speed Bump များ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဖြင့် ဆွေးနွေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယာဉ်နှင့်ယာဉ်မောင်းသူတို့၏ အားနည်းချက်ကြောင့် အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် လိုအပ်သော စည်းမျဉ်းသတ်မှတ်ချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်တည်ဆောက်နေသော မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့ကသွားရောက်ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့‌ကြောင်းသိရသည်။

‎


‎

news-view-count-icon

22