ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာရှဖလား ခြေစစ်ပွဲအောင်သည့် ယူ-၁၇ မြန်မာအမျိုးသားဘောလုံးအသင်းကို ကျပ်သိန်းတစ်ထောင် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ ယူ-၁၇ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(G) ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။



