ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုမှာ တည်ထားကိုးကွယ်တော်မူတဲ့ ဒေးစွန်ပါစေတီတော်မှာ ဓာတ်လှေကားတပ်ဆင်သွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ဒေးစွန်ပါစေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူတွေ လာရောက်ဖူးမြော်ရာမှာ အတက်အဆင်း မတ်စောက်တဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ ရဟန်းရှင်လူပြည်သူတွေ လွယ်လင့်တကူ တက်ရောက်ဖူးမြော်နိုင်ရေး ဓာတ်လှေကားဆောက်လုပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။



