အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာတြားကျွန်းတွင် မလက္ကာရေလက်ကြား၌ ရှားရှားပါးပါး ဖြစ်ပေါ်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် ဆိုက်ကလုန်းမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၀၃ ဦးအထိ ရှိလာကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်လျှော့ချရေးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။ ဆူမာတြားကျွန်းပေါ်ရှိ ပြည်နယ်သုံးခုတွင် လူ ၂၇၉ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး လူဦးရေ ၈၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကာ ရေဘေးအတွင်း ပိတ်မိနေသူ ရာနှင့်ချီရှိနေဆဲဖြစ်သည်။ အဆိုးဆုံးဒဏ်ခံရသော ကျွန်းမြောက်ပိုင်းဒေသတွင် မြေပြိုမှုကြောင့် လမ်းများနှင့် ဆက်သွယ်ရေးများ ပြတ်တောက်နေသဖြင့် ကယ်ဆယ်ရေးသမားများက ရဟတ်ယာဉ်များသုံးကာ အကူအညီများ ပေးပို့နေရပြီး တနင်္ဂနွေနေ့တွင် စစ်တပ်အင်အားကို တိုးမြှင့်ချထားသွားရန်ရှိကြောင်း ဌာနအကြီးအကဲ ဆူဟာယန်တိုက ပြောကြားခဲ့သည်။
Nov 30 • 8:26 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 33 | 0 | 0 | 0 |


