းပခုဣူကြက်သွန်နီစျေးကွက်အတွင်း နိုဝင်ဘာလကုန်ပိုင်းတွင် ကြက်သွန်နီအဟောင်း တစ်ပိဿ ကျပ် ၃၀၀ ခန့်စျေးနှုန်းမြင့်တက်လာပြီး မိုးကြက်သွန်သစ်များ စတင်ဝင်ရောက်လာကြောင်း သိရသည်။ပခုဣူကြက်သွန်နီစျေးကွက်အတွင်း နိုဝင်ဘာလတတိယပတ်ထိ တစ်ပိဿ ၈၀၀ ကျပ်ခန့်သာ အမြင့်ဆုံးပေါက်စျေးရှိခဲ့ပြီး လကုန်ပိုင်းတွင် ဝယ်လက်များလာခြင်း နှင့် ကုန်ဝင်နည်းခြင်းများကြောင့် တစ်ပိဿာ ၁,၁၀၀ ကျပ်ထိ ပေါက်စျေးရှိကြောင်း သိရသည်။ပခုဣူကြက်သွန်စျေးကွက်သို့ ပိဿာချိန် ၁၅,၀၀၀ ကျော် ဝင်ရာက်သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၃၀၀ - ၅၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿာ ၆၀၀ - ၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၉၀၀ - ၁၁၀၀ ကျပ် ပေါက်စျေးရှိပါတယ်။ပခုဣူစျေးကွက်သို့ အသစ်ဝင်ရောက်နေသည့် မိုးကြက်သွန်သစ်မှာ အရည်အသွေးလိုအပ်ချက်ကြောင့် တစ်ပိဿာ ၅၀၀ မှ ၇၀၀ ကျပ်ထိသာ ပေါက်စျေးရှိကြောင်း သိရသည်။ပြီးခဲ့သည့် နွေကြက်သွန်စျေးကွက်မှာ တစ်ပိဿ ၁,၅၀၀ ကျပ်ထိသာ အမြင့်ဆုံးပေါက်စျေးရှိခဲ့ပြီး တောင်သူများ စိုက်ပျိုးစရိတ်ဆုံးရှုံးမှု ရှိပါတယ်။
ပခုဣူကြက်သွန်နီစျေးကွက်အတွင်း ကြက်သွန်နီ အဟောင်း တစ်ပိဿ ၃၀၀ ကျပ်ခန့် စျေးမြင့်တက်လာပြီး မိုးကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လာ
Nov 30 • 8:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 46 | 0 | 0 | 0 |


