back

လွိုင်လင်မြို့နှင့် လားရှိုးမြို့တို့တွင် ငွေကျပ်သိန်း ၂,၂၄၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

Nov 30 • 7:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

လွိုင်လင်မြို့နှင့် လားရှိုးမြို့တို့တွင် ငွေကျပ်သိန်း ၂,၂၄၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

နိုဝင်ဘာလ ၂၈ ရက်နေ့ ၀၈နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွိုင်လင်မြို့၊ ရပ်ကွက်(၂)...

နိုဝင်ဘာလ ၂၈ ရက်နေ့ ၀၈နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင် - တောင်ကြီးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် သက်ထွန်းအောင်(ခ)ရန်ကြီးအောင် မောင်းနှင်ပြီး ငြိမ်ချမ်းအောင် (ခ)နော်ဆိုင်း နှင့် သန်းနိုင်ဦး(ခ)အာရုဏ်ဦး တို့လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၂၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ၁၁၀၀ အချိန် နော်ဆန်(ခ)အားဘုံ နေထိုင်သည့် လားရှိုးမြို့၊ ရပ်ကွက်(၅)ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ အိုက်ထွန်း အားတွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် TOYOTA MARK X အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၈၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သက်ထွန်းအောင်(ခ)ရန်ကြီးအောင်(၃၆)နှစ်၊ ငြိမ်ချမ်းအောင်(ခ)နော်ဆိုင်း(၃၆)နှစ်၊ သန်းနိုင်ဦး(ခ)အာရုဏ်ဦး(၄၃)နှစ်၊ နော်ဆန်(ခ)အားဘုံ(၄၂)နှစ်နှင့် အိုက်ထွန်း(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

42