နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၁နာရီ၁၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တန့်ယန်းမြို့နယ်၊ နမ့်ဟူးလွယ်ကာကျေးရွာအနီးတွင် စိုင်းညီညီဦး(ခ)စိုင်းရွှေအောင် မောင်းနှင်လာသည့် HONDA ODYSSEY အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အဆီ ၀.၁၇ လီတာ(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၁၀)၊ ကက်တမင်း အလေးချိန် ၁၃.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၇၅၅ သိန်း)နှင့် Erimin-5 ဆေးပြား ၂,၆၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၃၄ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းညီညီဦး(ခ)စိုင်းရွှေအောင်(၃၆)နှစ်အား တန့်ယန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါသည်။



