back

အ‌အေးဓာတ်ပိုသည့်ရာသီရောက်လာသဖြင့် ပြည်တွင်းထုတ် ယမကာများရောင်းအားကောင်းလာ

Nov 30 • 7:16 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အ‌အေးဓာတ်ပိုသည့်ရာသီရောက်လာသဖြင့် ပြည်တွင်းထုတ် ယမကာများရောင်းအားကောင်းလာ

အအေးဓာတ်ပိုသည့်ရာသီရောက်လာသဖြင့် ပြည်တွင်းထုတ် ယမကာများမှာ အရောင်းအဝယ် ပိုမိုကောင်းလာကြောင်း ကိုယ်စားလှယ် အရောင်းဆိုင်များထံမှ သိရသည်။အရောင်းအဝယ်သွက်လာမှုနှင့်...

အအေးဓာတ်ပိုသည့်ရာသီရောက်လာသဖြင့် ပြည်တွင်းထုတ် ယမကာများမှာ အရောင်းအဝယ် ပိုမိုကောင်းလာကြောင်း ကိုယ်စားလှယ် အရောင်းဆိုင်များထံမှ သိရသည်။အရောင်းအဝယ်သွက်လာမှုနှင့်အတူ ပြည်တွင်းထုတ် ယမကာများအနက်တွင် အမှတ်တံဆိပ်အသစ်ထုတ်ကုန်များလည်း စျေးကွက်အတွင်း အများအပြား ဝင်ရောက်နေကြောင်း သိရသည်။လူတွေက ငွေမသုံးနိုင်တာလည်းပါတာပေါ့၊ အရင်ကဆို ခုနစ်သောင်း၊ ရှစ်သောင်းတန်လောက် အရက်အမျိုးအစား တွေက ရောင်းအားကောင်းခဲ့တယ်၊ အခုက ပြည်တွင်းထုတ်ထဲမှာဆိုရင် တစ်လုံး သုံးသောင်း အောက်ပုလင်းတွေကနေစပြီး ရောင်းရတယ်၊ အရင် ခုနစ်သောင်း၊ ရှစ်သောင်းပုလင်းဝယ်သောက်တဲ့သူတွေက အခုသုံးသောင်းအောက် အမျိုးအစားတွေကို ဝယ်သောက်လာတဲ့အနေအထားမျိုးပေါ့၊ အဲဒီထဲမှာ တစ်သောင်းအောက်ပုလင်းတွေက အရောင်းအသွက်ဆုံးပဲ၊ သိန်းကျော်တန် ပုလင်းတွေကတော့ ရောင်းရတာက တစ်လနေ လို့မှ တစ်လုံး၊ နှစ်လုံးထက် မပိုတော့ဘူး”ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တစ်ခုတွင် ဖွင့်လှစ်ထားသော ယမကာနှင့်အအေးမျိုးစုံ လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင်ဖြစ်သူက ပြောသည်။ယမကာစျေးကွက်တွင် ပြည်ပမှကုန်ပစ္စည်းတင်သွင်းမှု အခက်အခဲပေါ်မူတည်၍ ယခင်ကတင်သွင်းထားခဲ့ဖူးပြီး ရောင်းမထွက်သေးသော ယမကာများပင်လျှင် စျေးနှုန်းများမြင့်တက်လျက်ရှိပြီး လက်လီဆိုင်ငယ်များတွင် ရွေးချယ်စရာအမျိုးအစားစုံလင်အောင် သိပ်မရှိတော့ဘဲ ပြည်တွင်းထုတ်များသာ အများအပြားဝင်ရောက် နေလျက်ရှိသည်ပြည်တွင်းထုတ်ယမကာများတွင် စျေးကွက်အတွင်း အမှတ်တံဆိပ်အသီးသီးဝင်ရောက်နေသလို တစ်လီတာအရွယ် တစ်ပုလင်းလျှင် ကျပ် ၇,၀၀၀-၈,၀၀၀ အောက်သာရှိနေပြီး စွပ်ကျယ်နှင့် တီရှပ်များ လက်ဆောင်ထည့်ထားပေးခြင်း၊ ဖုန်းဘေလ် ကံစမ်းမဲထည့်ထားပေးခြင်း၊ အပိုနောက်တစ်လုံးလက်ဆောင် ကံစမ်းမဲထည့်ထားပေးခြင်း စသည်ဖြင့် အစီအစဉ်များပြုလုပ်၍ ရောင်းချနေလျက်ရှိကြောင်း သိရသည်။

news-view-count-icon

47