back

မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေး (၂၇) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

Nov 30 • 6:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေး (၂၇) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ပါဝင်မှု ပိုမိုအားကောင်းစေရေး ကိစ္စရပ်များ အဓိကဆွေးနွေ...

မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ပါဝင်မှု ပိုမိုအားကောင်းစေရေး ကိစ္စရပ်များ အဓိကဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်က ကျင်းပသော (၂၇) ကြိမ်မြောက် GMS ဝန်ကြီးများအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် GMS အစီအစဉ်၏ ဦးစားပေးကဏ္ဍများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအပေါ် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

27