မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများမှ စစ်လက်နက်ကြီးကျည် (Artillery Shells) ၅ လုံးသည် ယနေ့ နိုဝင်ဘာ ၃၀ ရက်၊ မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ကျေးရွာဘက်သို့ ကျရောက်ခဲ့ခြင်းကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ လက်နက်ကြီးကျည်များသည် မယ်ကိုးကင်ရွာ၏ တစ်ဖက်ခြမ်းရှိ မြန်မာဘက်မှ ၆၀ မမ မော်တာကျည်များဖြစ်ကြောင်း သတင်းထောက်တစ်ဦးက ဖော်ပြသည်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့မှလည်း လက်နက်ကြီးကျရောက်မှုအပေါ် သတိပေး မီးခိုးကျည် ၄ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုင်းအာဏာပိုင်များက မဲဆောက်နယ်စပ်တစ်လျှောက်လုံးတွင် လုံခြုံရေးတင်းကျပ်ထားသည်။
Nov 30 • 6:48 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


