ဖင်လန်နိုင်ငံအစိုးရက မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံသုံးနိုင်ငံ၌ ဖွင့်လှစ်ထားသည့် ၎င်းတို့၏ သံရုံးများကို ပိတ်သိမ်းတော့မည် ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ဖင်လန်အစိုးရက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ရာ၌ ရန်ကုန်မြို့ရှိ သံရုံး၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ရှိ သံရုံးနှင့် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ သံရုံးများကို ပိတ်သိမ်းရန် ပြင်ဆင်နေပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ် ပိတ်သိမ်းသွားမည်ဟု ဖော်ပြခဲ့သည်။
Nov 30 • 6:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 66 | 0 | 0 | 0 |


