back

ဘာစီလိုနာမှ ဝက်သားထုတ်ကုန်များ ဝယ်ယူတင်သွင်းမှု တရုတ်နိုင်ငံပိတ်ပင်

Nov 30 • 5:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာစီလိုနာမှ ဝက်သားထုတ်ကုန်များ ဝယ်ယူတင်သွင်းမှု တရုတ်နိုင်ငံပိတ်ပင်

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို စပိန်နိုင်ငံ၌ထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် ဘာစီလိုနာပြည်နယ်မှ ဝက်သားထုတ...

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို စပိန်နိုင်ငံ၌ထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် ဘာစီလိုနာပြည်နယ်မှ ဝက်သားထုတ်ကုန်များဝယ်ယူတင်သွင်းမှုကို ပိတ်ပင်ထားကြောင်း နိုဝင်ဘာ ၂၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။အာဖရိက ဝက်တုပ်ကွေးရောဂါစပိန်နိုင်ငံ တာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်များအတွင်း ဘာစီလိုနာ ပြည်နယ်၌ အာဖရိကဝက်တုပ်ကွေးရောဂါဖြင့် သေဆုံးနေသော တောဝက်နှစ်ကောင်ကို တွေ့ရှိခဲ့ရာ ၁၉၉၄ ခုနှစ် နောက်ပိုင်း စပိန်နိုင်ငံ၌ ပထမဆုံးပေါ်ထွက်လာသည့်အာဖရိကဝက်တုပ်ကွေးရောဂါအဖြစ် အတည်ပြုထားသည်။နိုင်ငံတကာ ဝက်သားဈေးကွက်၌ ဈေးကွက်ဝေစု ရရှိရန်နှင့် တရုတ်-စပိန် ကုန်သွယ်မှု ဆက်ဆံ ရေးမြှင့်တင် နိုင်ရန် စပိန်အစိုးရက ကြိုးပမ်းနေချိန်တွင် အာဖရိကဝက်တုပ်ကွေး ရောဂါကြောင့် စပိန်ဝက်သားများ ဝယ်ယူတင်သွင်းမှုကို တရုတ်နိုင်ငံကပိတ်ပင်ခဲ့ခြင်းဖြစ်သည်။စပိန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဝက်သား မက်ထရစ်တန် ၄၅၀,၀၀၀ အထိတင်ပို့ခဲ့ရာ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံအထိ ရှိခဲ့သည်။အာဖရိက ဝက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်သည် လူသားများအတွက် ဘေးအန္တရာယ်မရှိသော်လည်း ဝက်များအတွက် ကြောက်မက်ဖွယ်ရောဂါတစ်မျိုးဖြစ်သည်။အာဖရိက ဝက်တုပ်ကွေးဗိုင်းရပ်စ်သည် ပြီးခဲ့သည့်နှစ်များအတွင်း ဥရောပတိုက် အနောက်ဘက်ခြမ်း၌ ကူးစက်ဖြစ်ပွားခဲ့သည်။




news-view-count-icon

23