နိုင်ငံ့လက်ရွေးစင် ဘောလုံးသမား သီဟထက်အောင်ကတော့ တာဝန်ယူ၊ တာဝန်ခံမှုမရှိတဲ့ လူကြီးအချို့ကြောင့် ပျက်စီးသွားပြီဖြစ်တဲ့ သူ့ရဲ့အိပ်မက်တွေအတွက် ဇနီးသည်ကိုတောင်းပန်လိုက်တာလည်းဖြစ်ပါတယ်။ နိုင်ငံခြားလိဂ်မှာဆော့ကစားခွင့်ရခြင်းဟာ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ပြီး လက်ရှိ နိုင်ငံအတွက် ဆီးရီးယားနဲ့ ဆော့ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာကြီးကြီးမားမားရခဲ့တာလည်းဖြစ်ပါတယ်။ ထိုင်းလိဂ်မှာဆော့ကစားရင်း အသေးစားဒဏ်ရာကို ကုသနေစဉ်အချိန်မှာပဲ နိုင်ငံပွဲအတွက် ကန်ရဖို့ ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
သီဟထက်အောင်ကတော့ ကြီးကြီးမားမားရရှိသွားတဲ့ ဒဏ်ရာအပေါ်မှာ တာဝန်ယူ ၊ တာဝန်ခံမှုတွေမရှိတာကြောင့် စိတ်ဓာတ်ကျစွာဖြင့် မိန်းမဖြစ်သူအား တောင်းပန်ခဲ့တာပါ။ ဇနီးသည်နဲ့ သူငယ်ချင်းစကားတွေကိုသာ နားထောင်ခဲ့မယ်ဆိုရင် ယခုလို အဖြစ်မျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ သူက ဝမ်းနည်းစွာဆိုပါတယ်။



