back

ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို တရားခွင်မတင်မီ ယာယီပြန်လွှတ်ပေးရန် အိုင်စီစီတရားရုံးမှငြင်းပယ်

Nov 30 • 4:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကို တရားခွင်မတင်မီ ယာယီပြန်လွှတ်ပေးရန် အိုင်စီစီတရားရုံးမှငြင်းပယ်

တရားခွင်မတင်မီ အချုပ်မှယာယီလွှတ်ပေးရန် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး၏မေတ္တာရပ်ခံချက်ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက်နိုင်ငံတကာ ရာဇဝတ်တရားရုံ...

တရားခွင်မတင်မီ အချုပ်မှယာယီလွှတ်ပေးရန် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး၏မေတ္တာရပ်ခံချက်ကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အခြေစိုက်နိုင်ငံတကာ ရာဇဝတ်တရားရုံး(အိုင်စီစီ)က နိုဝင်ဘာ ၂၈ ရက်တွင်ပယ်ချခဲ့ကြောင်း သိရသည်။အသက် (၈၀) အရွယ် သမ္မတဟောင်း ဒူတာတေး၏ ရှေ့နေများအနေဖြင့် ၎င်းကို အိုင်စီစီအချုပ်မှ ယာယီလွှတ်ပေးရေးအတွက် ခိုင်မာလုံလောက်သော အကြောင်းပြချက်များ ပေးထားခြင်းမရှိကြောင်း အိုင်စီစီ တရားသူကြီးများကပြောကြားထားသည်။သမ္မတဒူတာတေး၏ ကျန်းမာရေးအခြေအနေအရ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရှုထောင့် ဖြင့် အချုပ်မှယာယီလွှတ်ပေးရန် ဒူတာတေး၏ရှေ့နေများက တရားရုံးကို အယူခံတင်သွင်းထားသည်။သို့ရာတွင် ဒူတာတေးကို ယာယီပြန်လွှတ်ပေးရေးအတွက် အကျိုးဆောင်ရှေ့နေများ အဆိုပြု ထားသောအချက်များသည် ဒူတာတေးအား ယာယီလွှတ်ပေးလိုက်မှုကြောင့် ပေါ်ထွက်လာနိုင်မည့် ပြဿနာများအတွက် အာမခံချက်မပေးနိုင်ကြောင်း အိုင်စီစီတရားသူကြီးများက ပြောကြားသည်။သမ္မတဟောင်း ဒူတာတေးကို မူးယစ်တိုက်ဖျက်ရေးစစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုဖြင့်အိုင်စီစီက တရားစွဲဆို ထိန်းသိမ်းထားခြင်းဖြစ်သည်။




news-view-count-icon

23