မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး (ဒလ) တံတားသည် ပင်လယ်ကူးသင်္ဘောများဖြတ်ကူးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးတံတားအမြင့်ဖြစ်ပြီး တံတားအချို့နေရာများတွင် လမ်းအနိမ့်အမြင့် Gradient မတ်စောက်သောကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ခွင့်ပြုမည့်ယာဉ်အမျိုးအစား ကန့်သတ်ခြင်း၊ မောင်းနှင်ခွင့်ပြုသည့် အရှိန်နှုန်းအားကန့်သတ်ခြင်းနှင့် အရှိန်ထိန်းစနစ် speed Bump များ ထည့်သွင်းဆောင်ရွက်ခြင်းများလုပ်ဆောင်ရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ကပြောသည်။ယမန်နေ့က မြန်မာ-ကိုးရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရူစစ်ဆေးသည့်အချိန်၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။



