မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ ကျင်းပလျက်ရှိသည်။ ပွဲတော်ကို အလိုတော်ပြည့်ဆရာတော်ကြီးနှင့် သံဃာတော်များက အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများဖြင့် စတင်ခဲ့သည်။ အလိုတော်ပြည့်ဘုရားကြီးကို အေဒီ (၁၁) ရာစုတွင် ကျန်စစ်သားမင်းကြီးက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ထူးခြားချက်များအနက် ၁၃၅၄ ခုနှစ် နတ်တော်လပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပစဉ်က စေတီတစ်ဆူလုံး အရောင်အဆင်းအမျိုးမျိုးဖြင့် ဓာတ်တော်များ လျှံတက်ကွန့်မြူးတော်မူခဲ့ခြင်းမှာ အံ့ဩဖွယ်ရာဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါဘုရားကြီးသို့ ဖူးမြှော်သူတိုင်း ငါးပါးသီလခံယူကာ ဆုတစ်ပန်ဆင်ပါက အလိုပြည့်သည်ဟု ယုံကြည်ကြသည်။
| 28 | 0 | 0 | 0 |


