လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရွှေကုက္ကိုလ်နယ်မြေအား ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိရာ ယနေ့အထိ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သော တရားမဝင်အဆောက်အအုံ ၁၃၅ လုံးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၀၁ လုံးကို ပြန်လည်အသုံးပြုမှုမရှိစေရန် ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား ၂,၀၄၂ ဦးကို ဖမ်းဆီးရမိခဲ့ကာ၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃,၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁,၈၇၀ လုံးနှင့် အခြားလုပ်ငန်းသုံးပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိသဖြင့် စနစ်တကျ ဖျက်ဆီးရှင်းလင်းခဲ့ပြီး ရှင်းလင်းမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Nov 30 • 2:32 AM
မြန်မာ
ကရင်
မျှဝေမည်
| 21 | 0 | 0 | 0 |


